ဟာရာရီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ ရှိ မိုင်းတွင်း ၂ခု၏ တူးမြောင်းများ နှင့် လှိုဏ်ခေါင်းများ၌ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး တရားမဝင် မိုင်းလုပ်သား ၂၃ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်တွင်ဖော်ပြခဲ့သည်။
နယူးယောက် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အလယ် အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်း ဒေသတွင် အင်အား ၆.၁ ပမာဏရှိ ငလျင် တစ်ခု လှုပ်ခတ် သွားကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
လူဆာကာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဇမ်ဘီးယားနိုင်ငံ Nchelenge ခရိုင် ရှိ ရေကန်တစ်ခုတွင် လှေတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်ကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ နောက်ထပ် အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်လွှဲရန် နယ်စပ်လုံခြုံရေး နှင့် အသုံးစာရိတ် ဆိုင်ရာ ဥပဒေတစ်ရပ်ကို ဆီးနိတ်လွှတ်တော်က အတည်ပြုပြီးနောက် နာရီအနည်းငယ်အကြာတွင် အောက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် ယူ-၂၂ ဘောလုံး အသင်းလူစာရင်းအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန်လိုက်သည်။