Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆက်လက်ကြိုးပမ်းအားထုတ်ရန် ညွှန်ကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခိုင်မြဲသောရပ်တည်ချက်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးတွင် တိုးတက်မှုအသစ်ဖော်ဆောင်ရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြည်သူများ၏ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၌ လုပ်ကိုင်နေသည့် အဖွဲ့အစည်းများနှင့် တစ်ဦးတစ်ယောက်ချင်းစီအား ဂုဏ်ပြုရန် ဇွန် ၂၃ ရက်က ပြုလုပ်သည့် ကွန်ဖရင့်တစ်ခု၌ အထက်ပါ အရေးပါသော ညွှန်ကြားချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဂုဏ်ပြုခြင်း အခမ်းအနားကို နိုင်ငံတကာ မူးယစ်ဆေးဝါး တရားမဝင်သုံးစွဲမှုနှင့် တရားမဝင်ကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို ပေကျင်းမြို့၌ ဗီဒီယိုနှင့် တယ်လီကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို နှစ်စဉ် ဇွန် ၂၆ ရက်တွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)