Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ်တွင် ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အပြီးသတ် ဖော်ဆောင်ရန် ကတိကဝတ်ကို တရုတ်နိုင်ငံနှင့် အီးယူတို့ ထပ်လောင်းအတည်ပြု

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ၂၂ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များအစည်းအဝေးအား ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဘက် ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အပြီးသတ်ဖော်ဆောင်ရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဇွန် ၂၂ ရက်က ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ၂၂ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များအစည်းအဝေးအတွင်း အထက်ပါကတိပြုမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

လီနှင့် အီးယူခေါင်းဆောင်များသည် ဆွေးနွေးညှိနှိုင်းမှုများအတွင်း တိုးတက်မှုရှိခဲ့ပြီး တရုတ်-အီးယူ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ဖော်ဆောင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။နှစ်ဘက်ခေါင်းဆောင်များသည် ကျယ်ပြန့်သောသဘောတူညီချက် ရရှိနိုင်ရန် မျှော်မှန်းထားပြီး ဖြစ်နိုင်သမျှမြန်မြန် သင့်တင့်မျှတသော ယှဉ်ပြိုင်မှုနှင့် ဆက်စပ်သော စည်းမျဉ်းများဆိုင်ရာ သဘောတူညီချက်သို့ ရောက်ရှိရန် ကြိုးပမ်းအားထုတ်မှုများ အားလုံးကို လုပ်ဆောင်သွားရန် သဘောတူခဲ့ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117