ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ဗလာဒီဗော့စ်တော့မြို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် Eastern Economic Forum တက်ရောက်ရန် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ပါရီ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့ ရှိ ဟိုတယ်တစ်ခု တွင် ဆော်ဒီတော်ဝင် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ယူရို ၈၀၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၉၂၈,၀၀၀) တန်ဖိုးရှိ လက်ဝတ်ရတနာများ ဓါးပြတိုက်ခံရကြောင်း Le Figaro သတင်းစာ က စက်တင်ဘာ...
ပါရီ ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် (FIFPro) ၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးများသမဂ္ဂ တို့သည် ၂ဝ၁၈ ခုနှစ် ဖီဖာအကောင်းဆုံးဘောလုံးသမား ၁၁ ဦးအတွက် ဆန်ခါတင်စာရင်းဝင် ကစားသမား ၅၅ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပြည်ပသို့တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ ၂၄,ဝဝဝ ကျော်နှင့် ပြည်တွင်း အလုပ် နေရာ ၂၄,ဝဝဝ ကျော်အား သြဂုတ်လ အတွင်း ခန့်ထား နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စင်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအနက်မှ (၄-၉-၂၀၁၈)ရက် နေ့အထိ လိုင်စင်စုစုပေါင်း (၁၆၂) ခု လိုင်စင် ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။