Connect with us

MYANMAR

COVID-19 ပြည်တွင်းကူးစက်မှု အားပျော့လာသည့် အချိန် တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ်ပေါင်း ၅၀ ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ် 

ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) 

COVID-19 ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် တစ်နိုင်ငံလုံးတွင် ပိတ်ထားသည့် ဟိုတယ်များသည် COVID-19 ပြည်တွင်းတွင်ကူးစက်မှု အားပျော့လာသည့် အချိန် တွင် တိုင်းဒေသကြီး/ပြည်နယ်များ၌ သက်ဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုမိန့် ပြန်လည်တောင်းခံခဲ့ရာ ၂၀၂၀ပြည့်နှစ် ဇွန် ၁၉ ရက် အထိ ဟိုတယ်အလုံးပေါင်း ၁၀၇၄ လုံး၊ ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန် က ဆင်ဟွာကို ဇွန် ၁၉ ရက်တွင် ပြောသည်။ 

ဦးအောင်အေးဟန်က “တစ်နိုင်ငံလုံးမှာ ဟိုတယ်ပေါင်း ၂၀၅၃ လုံးရှိတယ်။COVID-19 ရောဂါဖြစ်ပေမယ့် မပိတ်တဲ့ ဟိုတယ်က ၃၉၁လုံး၊ COVID-19 ရောဂါကြောင့် ပိတ်ပြီးမှ ပြန်ဖွင့်တဲ့ ဟိုတယ်ပေါင်းက ၆၈၃လုံးရှိတယ်။ ဒီနေ့အထိ တစ်နိုင်ငံလုံးမှာ ဖွင့်တဲ့ ဟိုတယ် စုစုပေါင်း ၁၀၇၄ လုံးရှိပါတယ်။ ရာခိုင်နှုန်း အားဖြင့် ၅၀ ရာခိုင်နှုန်းပြန်ဖွင့်ပြီလို့ပြောလို့ရပါတယ်’’ ဟုပြောသည်။

 

COVID-19 ရောဂါဖြစ်ပွားသည့် ကာလတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဟိုတယ်များကို ပိတ်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း၊ ၂၀၁၈ ခရီးသွားလုပ်ငန်းဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို အာဏာခွဲဝေပြီးဖြစ်သည့် အတွက် တစ်ချို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏  အစီအစဉ် နှင့် COVID-19 ကာလတွင်  ဟိုတယ် လုပ်ငန်းတစ်ချို့ ခေတ္တပိတ်တာမျိုးရှိကြောင်း သိရသည်။  COVID-19 ရောဂါဖြစ်ပွားသည့် ကာလတွင် ဖွင့်လှစ်ထားသည့် ဟိုတယ်တစ်ချို့ က Quarantine ဟိုတယ်အဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။ 

COVID-19 ရောဂါဖြစ်ပွားသည့် ကာလတွင် ဖွင့်လှစ်ထားသည့် ဟိုတယ်တစ်ချို့ က Quarantine ဟိုတယ်အဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးဌာန ၏ ခွင့်ပြု ညွှန်ကြားချက်ဖြင့် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)