နယူးဒေလီ ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ဧပြီ ၃ ရက်က အိန္ဒိယနိုင်ငံ နေရာအနှံအပြားတွင် ဆူပူလှုပ်ရှားမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုလက်ရှိ သေဆုံးသူ ၉ ဦး ရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူလှုပ်ရှားမှုတွင် သေဆုံးသူအများစုမှာ ရဲဘက်မှ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏သတင်းများအရ သိရှိရသည်။
ဘန်ကောက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ၁၄ ထပ်အဆောက်အအုံတစ်ခုတွင် ဧပြီလ ၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင် မီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကွင်းကြီးကမ်းနားကျေးရွာအနီး ဂွ- ငသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် (၂၃/၂) နှင့် (၂၃/၃)ကြားတွင် ဧပြီ ၂ရက်နေ့ ည ၇နာရီကျော်က ဇာတ်သဘင်အဖွဲ့ စီးလာသောယာဉ် ချောက်ထဲကျပြီး ၆ဦးသေ၊ ၁၉ဦး ဒဏ်ရာရခဲ့ကြောင်း သဘင်အစည်းအရုံး(ဗဟို)ကထုတ်ပြန်သော သတင်းအရ...
ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ရန်ကုန်-ပဲခူးလမ်းဆုံအနီး လှည်းကူးမြို့နယ်၌ အုတ်တင်ယာဉ် တစ်စီးသည် ချောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက် ခဲ့မှုကြောင့် ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများရှိ မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၄၅၀၀၀ ခန့်ကို CI ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ထိုင်းနိုင်ငံရှိ ငါးဖမ်း...