Connect with us

Politics, Law & Military

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အနေဖြင့် လက်ရှိအခြေအနေ အား ကောင်းမွန်စွာ ဖြေရှင်းနိုင်မည် ကို ယုံကြည်ကြောင်း တရုတ် နိုင်ငံ ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ အခြေအနေ မှာ လက်ရှိအချိန်တွင် အလုံးစုံ အားဖြင့် တည်ငြိမ်၍ ထိန်းချုပ် နိုင်ပြီး နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ ၏ အရေးပါသည့် လမ်းညွှန်မှုအောက်တွင် လက်ရှိအခြေအနေ အား ကောင်းမွန်စွာ ဖြေရှင်းနိုင်မည် ကို ယုံကြည်ကြောင်း ဇွန်လ ၁၈ ရက် ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က  ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က လတ်တလောကာလ အတွင်း တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် အနောက်ပိုင်း ဒေသ တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ် နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ ၏ ရပ်တည်မှု နှင့် ပတ်သက်၍ အသေးစိတ် လေးနက်စွာ ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယခု အကြိမ်ကိစ္စရပ် ဖြစ်ပွား ရခြင်း က အိန္ဒိယ နိုင်ငံ ရှေ့တန်း မှ တပ်ဖွဲ့ဝင် များ က နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိ တို့မှ ရရှိထားသည့် သဘောတူညီချက် အား ချိုးဖောက်ခဲ့ခြင်းကြောင့် ဖြစ်သည် ကို အကြိမ်ကြိမ် ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း ၊ Gallowan မြစ်ဝှမ်းဒေသ တည်ငြိမ်မှု ရရှိထားသည့် အခြေအနေ အောက်တွင် အိန္ဒိယ နိုင်ငံ တပ်ဖွဲ့ဝင် များ က နယ်နိမိတ် အား ကျူးကျော်ခြင်း သည် ရန်စမှု ဖြစ်ပြီး လာရောက်ဆွေးနွေးသည့် တရုတ် နိုင်ငံ တပ်ဖွဲ့ ဝင် များအား တိုက်ခိုက်ခြင်းကြောင့် ယခု ကဲ့သို့ ခိုက်ရန် ဖြစ်ပွား မှု ဖြစ်ပွားခဲ့ကာ လူများ သေဆုံးဒဏ်ရာ ရရှိမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားပြီးနောက်တွင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် နိုင်ငံခြားရေး တို့က ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ပြီး တိကျမှန်ကန်စွာ ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာတို့ ရရှိထားသည့် သဘောတူညီချက်အား လိုက်နာသွားပြီး ဖြစ်ရပ်အား အမြန်ဆုံး အရှိန်လျှော့ချရန် နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က နှစ်နိုင်ငံ ခေါင်းဆောင်များ ၏ ညွှန်ကြားမှု အောက်တွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအား ကောင်းမွန်စွာ ထိန်းသိမ်းသွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.