Connect with us

International Organizations

လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက် သေဆုံးရာမှ ပေါ်လွင်လာသည့် ပြသာနာများကို ဆွေးနွေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်

လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုနှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုအား ဆန့်ကျင်ဆန္ဒပြမှုများ ဇွန် ၆ ရက်က ကနေဒါနိုင်ငံတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)ကုလသမဂ္ဂဆိုင်ရာ အာဖရိကနိုင်ငံများအဖွဲ့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဇွန် ၁၇ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပ၍ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုမှတစ်ဆင့် ပေါ်လွင်လာသော လူမျိုးရေးခွဲခြားဆက်ဆံမှု နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုစသည့်  ပြသာနာရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Amina Mohammed က ရေရှည်ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးသည် လူတစ်ဦးချင်းစီ၏ လူအခွင့်အရေးနှင့်ဂုဏ်သိက္ခာ အပြည့်အဝရရှိမှုတွင် အခြေပြုကြောင်း ၊ ယခုကာလအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များက အမေရိကန်နိုင်ငံတွင် အာဖရိကနွယ်ဖွားများ မတရားမှုနှင့်လူမျိုးရေးခွဲခြားဆက်ဆံမှုများ ဆက်လက် ခံစားရနေသည်ကို ဖော်ပြလျက်ရှိကြောင်း ၊ ယခု အရေးအပေါ်အစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ လူမျိုးရေးခွဲခြားဆက်ဆံမှု လှိုင်းဒဏ်ကို တားဆီးမည့် သမိုင်း၏အချိုးအကွေ့တစ်ခုဖြစ်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ 

လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုနှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုအား ဆန့်ကျင်ဆန္ဒပြမှုများ ဇွန် ၆ ရက်က ကနေဒါနိုင်ငံတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bacheletက ပြီးခဲ့သည့်လအတွင်း အမေရိကန်နိုင်ငံ မီနီရ်ပိုလစ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များ၏အကြမ်းဖက်မှုကြောင့် ဂျော့ဂျ်ဖလွိုက်  သေဆုံးခဲ့ရာမှ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် လှိုင်းဂရက်ကြီးသည် ကမ္ဘာ့နေရာအမြောက်အမြားသို့ ကူးစက် ပွက်ပွက်ညံစေခဲ့ကြောင်း ၊ ထိုဖြစ်ရပ်သည် စနစ်တကျ လူမျိုးရေးခွဲခြားမှု၏အမှတ်လက္ခဏာဖြစ်သလို ဥပဒေစိုးမိုးရေးဌာနများ၏ အသားရောင်ရှိသူနှင့်အခြား မျိုးနွယ်ဖွားလူနည်းစုများကို အတိုင်းထက်အလွန် အကြမ်းဖက်ခြင်း၏ လက္ခဏာလည်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း လူမျိုးရေးခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးသည်  ထိရောက်မှု အလွန်အားနည်းခဲ့သဖြင့် သက်ဆိုင်ရာနိုင်ငံများတွင် အမြစ်တွယ်နေကြောင်း နှင့် ယင်းအား အောင်မြင်စွာ ဖယ်ရှားနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်တွေ့ကျသည့်ဆောင်ရွက်မှုများပြုလုပ်ကြရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ 

လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုနှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုအား ဆန့်ကျင်ဆန္ဒပြမှုများ ဇွန် ၆ ရက်က ကနေဒါနိုင်ငံတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာအခြေစိုက် တရုတ်နိုင်ငံသံရုံး နှင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စား ချန်ရွှိက အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် လူမျိုးရေးဝါဒနှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်ကြောင်းနှင့် လူအခွင့်အရေးကောင်စီ ကျင်းပသည့် ယခုအရေးပေါ်အစည်းအဝေးကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။ 

ချန်ရွှိက ဂျော့ဂျ်ဖလွိုက်သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းကြောင်း နှင့် ၎င်း၏မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း ပြောကြာခဲ့သည်။ အသက်သည် တန်ဖိုးအကြီးဆုံးဖြစ်ရာ လူမည်း၏အသက်သည်လည်း အသက်ပင်ဖြစ်ကြောင်း၊ Michelle Bacheletနှင့်ကုလသမဂ္ဂလူအခွင့်အရေးကောင်စီမှ ပညာရှင်များဆိုသကဲ့သို့ပင် ဂျော့ဂျ်ဖလွိုက်၏ သေဆုံးမှုသည် တစ်သီးပုဂ္ဂလ မဟုတ်ဘဲ အမေရိကန်၌ ကာလ ရှည်ကြာ အမြစ်တွယ်တည်ရှိနေသည့် လူမျိုးရေးခွဲခြားဆက်ဆံမှု၊ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှင့် လူမှုရေးမမျှတမှုများကို ထင်ဟပ်ခြင်းဖြစ်ကြောင်း ဆိုသည်။ 

အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏  တိုက်တွန်းနှိုးဆော်မှုကို နားစွင့်ကာ နိုင်ငံတကာ လူအခွင့်အရေးတာဝန်ဝတ္တရားကို လက်တွေ့လိုက်နာကျင့်သုံးဆောင်ရွက်ရန်၊ လူမျိုးရေးဝါဒ၊ လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့်အခြား လူအခွင့်အရေးကျူးလွန်မှုများကို ရှင်းလင်းရန် ၊ လူနည်းစုလူမျိုးများတရားဝင်အခွင့်အလမ်းကို အာမခံပေးရန်၊ နိုင်ငံတကာတွင် လူ့အခွင့်အရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချမှုကိုရပ်တန့်ရန် နှင့် မတူညီသည့် စံနှုန်းနှစ်ခုထားရှိမှုကို စွန့်လွှတ်ရန် ချန်ရွှိက တိုက်တွန်းပြောကြားခဲ့သည်။ 

မေ ၂၅ ရက်က အမေရိကန်နိုင်ငံမီနီရ်ပိုလစ် မြို့တွင် အာဖရိကနွယ်ဖွား လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်(George Floyd)ကို  ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းစဉ် ဒူးဖြင့်လည်ပင်းကို ဖိထားမှုကြောင့်  သေဆုံးခဲ့ရသည်။ ယင်းကိစ္စအပေါ် မကျေနပ်သည့် ဆန့်ကျင်ဆန္ဒပြမှုဂရက်လှိုင်းသည် အမေရိကန်နိုင်ငံတစ်ဝန်းနှင့် အခြားနိုင်ငံများကိုပါ ရိုက်ခတ်ခဲ့ရာ    အချင်းဖြစ်ပွားမှုနှင့်ဆက်စပ်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအား တရားစွဲဆိုထားကြောင်း သိရသည်။ (Xinhua)