ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် လှည်းကူးစက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုးက ဆင်ဟွာသို့ ယနေ့ ဇွန် ၁၇ ရက်တွင်ပြောကြားခဲ့သည်။
လျောင်ချန်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လျောင်ချန်းမြို့ရှိ အထပ်မြင့်အဆောက်အအုံတစ်ခု၏ အထပ် ၁၅ ထပ်မြောက်ရှိ ပြတင်းပေါက် အပြင်ဘက်တွင် တွဲကျနေသည့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အိမ်နီးနားချင်းများက ကူညီကယ်တင်ပေးနေသည်ကို မှတ်တမ်းတင် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ (Xinhua)
တက်ဂူလ်စီလ်ဂါပါ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Juan Orlando Hernandez က ၎င်းနှင့် ဇနီး Ana Garcia တို့နှစ်ဦးလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဇွန် ၁၆ ရက်က နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းကြေညာခဲ့သည်။
ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) Sinovac Biotech လီမိတက်က ၎င်းတို့၏ CoronaVac ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်မှုများအရ ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးမဖြစ်စေဘဲ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုတစ်မျိုးကို ထုတ်ပေးနိုင်စွမ်းရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) စီးပွားရေးပြန်လည်နိုးထရန် အလားအလာ အမေရိကန်တွင် မသေချာမှုများ အလွန်များနေကြောင်း၊ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဝင်ငွေနည်းလူတန်းစားနှင့် လူနည်းစု ပြည်ပနွယ်ဖွားများ အခက်ပို၍ ကြုံရမည်ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဌ Jerome Powell က ဇွန် ၁၆ ရက်တွင် သတိပေး...