Connect with us

WORLD

စီးပွားရေးပြန်လည်နိုးထရန် အလားအလာ အမေရိကန်တွင် မသေချာမှုများ အလွန်များနေဟု အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ သတိပေး

အမေရိကန် ဗဟိုဘဏ်ဥက္ကဌ Jerome Powellအား ဇွန် ၁၆ ရက် ဝါရှင်တန်လွတ်တော် အစည်းအဝေး တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်မှုတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

စီးပွားရေးပြန်လည်နိုးထရန် အလားအလာ  အမေရိကန်တွင် မသေချာမှုများ အလွန်များနေကြောင်း၊ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဝင်ငွေနည်းလူတန်းစားနှင့် လူနည်းစု ပြည်ပနွယ်ဖွားများ အခက်ပို၍ ကြုံရမည်ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဌ Jerome Powell က ဇွန် ၁၆ ရက်တွင် သတိပေး ပြောကြားခဲ့သည်။

ယခုကာလများတွင် အချို့ ညွှန်းကိန်းများက စီးပွားရေးအခြေအနေ တိုးတက်မှုရှိသည်ဟု ဖော်ပြကြသော်လည်း လုံးဝပြန်လည်နိုးထနိုင်ရန် လျှောက်လှမ်းရမည့်ခရီးက ဝေးလံနေဆဲဖြစ်ကြောင်း Jerome Powellက ယင်းနေ့ လွှတ်တော်တွင် ပြုလုပ်သည့် ဘဏ်လုပ်ငန်းကော်မတီ၏ နှစ်ဝက်ငွေကြေးဆိုင်ရာမူဝါဒ အစီရင်ခံစာ ကြားနာမှုတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမေရိကန် ဗဟိုဘဏ်အဆောက်အဦအား  ဇွန် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမေရိကန် ဗဟိုဘဏ်အဆောက်အဦအား  ဇွန် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ထုတ်လုပ်မှုနှင့်အလုပ်အကိုင်အခွင့်အလမ်းများသည် COVID-19 ကပ်ရောဂါမဖြစ်ပွားမီထက် များစွာ လျော့နည်းလျက်ရှိရာ မည်သည့်အချိန်တွင် စီးပွားရေး ပြန်လည်နလံထူမည်၊နိုးထအောင်မည်မျှဆောင်ရွက်နိုင်မည်မှာ မသေချာမရေရာမှုများ အလွန်များနေကြောင်း ၊ ၎င်း၏အနာဂတ်အလားအလာမှာ ကပ်ရောဂါအခြေအနေနှင့် ရောဂါထိန်းချုပ်နိုင်သည့် ထိရောက်မှုများပေါ်တွင် များစွာ မူတည်နရာ အများက ရောဂါထိန်ချုပ်နိုင်ပြီဟု အယုံအကြည်မရှိသေးပါက အမေရိကန်၏ စီးပွားရေးမှာ လုံးဝပြန်လည်နိုးထရန် ဖြစ်နိုင်ချေ သိပ်မရှိကြောင်း ၎င်းက ဆိုသည်။  

ကပ်ရောဂါသည် အသေးစားအလတ်စားလုပ်ငန်းများကို များစွာအန္တရာယ်ဖြစ်စေကြောင်း ၊ ထိုလုပ်ငန်းများမှာလည်း အမေရိကန်စီးပွားရေး၏ဗဟိုချက်ဖြစ်ကြောင်း Jerome Powellဆိုသည်။

တစ်ချိန်တည်းမှာပင် ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဝင်ငွေနည်းလူတန်းစားများ၊ အာဖရိကနွယ်ဖွား၊ လက်တင်နွယ်ဖွားနှင့် အမျိုးသမီးလူထု၏ အလုပ်လက်မဲ့ဖြစ်ပွားမှု သည် အခြားသူများထက် ပို၍ ဆိုးဝါးနိုင်ရာ ထိန်းချုပ်ပြောင်းလဲမှုများ မလုပ်ဆောင်ပါက ကျဆင်းလာသော စီးပွားရေးသည် စီးပွားရေးအကျိုးအမြတ်ခံစားမှုကွာဟခြင်းကို ပို၍ တစ်ဆင့်တိုးခံစားစေရမည်ဖြစ်ကြောင်း ၄င်းဆိုသည်။

Jerome Powell က အမေရိကန်စီးပွားရေး နလံထမှုအားကောင်းစေရန်  ဗဟိုဘဏ်အနေဖြင့် ဘက်စုံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သလို လွှတ်တော်အနေဖြင့်လည်း စီးပွါးအကျပ်အတည်းဖြေလျှော့ရေး ဥပဒေထုတ်ပေးကာ မိသားစုများ၊လုပ်ငန်းများကို လိုအပ်သည့်အကူအညီပေး၍ ရောဂါကပ်ဘေးကြောင့် စီးပွားရေးရေရှည်ထိခိုက်နစ်နာမှုများကို လျှော့ချရန် ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ယခုနှစ် ပထမရာသီတွင် အမေရိကန်နိုင်ငံ၏ GDPသည် နှစ်အလိုက်တွက်ချက်ပါက ၅ ရာခိုင်နှုန်းကျဆင်းသွားရာ ၎င်းမှာ ၂၀၀၈ ခုနှစ် နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း ကျဆင်းမှုအများဆုံးဖြစ်ကြောင်း သိရသည်။  

ကပ်ရောဂါဂရက်လှိုင်း စီးပွားရေးအပေါ် ရိုက်ခတ်မှုကို ဖြေရှင်းရန် အမေရိကန်ဗဟိုဘဏ်သည် မတ်လမှစ၍ ဖယ်ဒရယ်ရန်ပုံငွေအတိုးနှုန်းကို သုညမှ ၀.၂၅ ရာခိုင်နှုန်းအထိလျှော့ချပေးခဲ့ရာ ဇွန်လ ငွေကြေးဆိုင်ရာမူဝါဒ အစည်းအဝေးတွင်လည်း ယင်းအတိုးနှုန်းအတိုင်းဆက်ထားပေးခဲ့ကြောင်း သိရသည်။ 

ကပ်ရောဂါအကျိုးသက်ရောက်မှုကို စီးပွားရေးတွင် ခံနိုင်ရည်ရှိသည်အထိ ယင်းအတိုးနှုန်းသတ်မှတ်ချက်အတိုင်း ထားရှိပေးသွားမည်ဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်က ဆိုသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.