နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာ ကျိန်ဆိုရေး အဆိုအား အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် ယနေ့ လွှတ်တော် အစည်းအဝေး၌ ကန့်ကွက်သူမရှိ သဘောတူခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ပန်းလှိုင်မြစ်ကမ်းပါးပြိုကျမှုကြောင့် ဆားမလောက်ကျေးရွာ၌ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၆ လုံးမှာ ရပ်ကွက်အတွင်း မြေကွက်လပ်သို့ရွှေ့ပြောင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှု ပြခန်းကို ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
မော်စကို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် Surgur မြို့မှ မော်စကိုမြို့သို့ မောင်းနှင်လာသော ရုရှားလေယာဉ်တစ်စီး အား ဇန်နဝါရီ ၂၂ရက်တွင် ခရီးသည်တစ်ဦး က ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။