Connect with us

Europe

ဥရောပ ၁၁ နိုင်ငံ၌ Lockdown ပြုလုပ်ခြင်းကြောင့် လူ့အသက် ၃ သန်းကျော်ကို ကယ်တင်နိုင်ခဲ့ဟု လေ့လာမှုတစ်ခုတွင် ဖော်ပြ

အီတလီနိုင်ငံ ရောမမြို့ရှိ Galleria Borghese သို့ လာရောက်လည်ပတ်သူများအား မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဥရောပတိုက်ရှိ နိုင်ငံ ၁၁ နိုင်ငံတွင် ကြီးမားသော ပိတ်ဆို့မှုများ (Lockdowns) ပြုလုပ်ခဲ့ခြင်း နှင့် ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွင် ကြားဝင်ဟန့်တားမှုမရှိခြင်း(NPIs) တို့ကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေခဲ့ရာ ထိခိုက်သေဆုံးဖွယ်ရှိနေသော ခန့်မှန်းခြေ လူ့အသက်ပေါင်း ၃.၁ သန်းကို ကယ်တင်နိုင်ခဲ့ကြောင်း လန်ဒန်မြို့ရှိ Imperial ကောလိပ်မှ ထုတ်ပြန်သည့် လေ့လာမှုစစ်တမ်း အသစ်တစ်ခုတွင် ဖော်ပြထားသည်။

မတ် ၂ ရက် မှ ၂၉ ရက်အထိ ဥပရော ၁၁ နိုင်ငံတွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရန် ကျောင်းများပိတ်ထားခြင်း နှင့် တစ်နိုင်ငံလုံး lockdown ချခြင်းများကဲ့သို့သော အဓိကကြိုတာကာကွယ်ရေးနည်းလမ်းများ (non-pharmaceutical methods) ကို စတင်ဆောင်ရွက်ခဲ့သည်။

စပိန်နိုင်ငံ ဘာဆီလိုနာမြို့၌ ရထားစီးခရီးသည်များ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေနေကြသည်ကို မေ ၁၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်မြို့ Imperial ကောလိပ်ရှိ အဖွဲ့တစ်ဖွဲ့မှ ပြုလုပ်သော အဆိုပါ လေ့လာမှုစစ်တမ်းထဲတွင် ကြိုတင်ကာကွယ်ရေးအစီအစဉ်များပြုလုပ်ခြင်း(NPIs)ဖြင့် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုမှတဆင့် လူ့အသက်သေဆုံးနိုင်မှုဖြစ်နိုင်ချေ ကိန်းဂဏန်းများကို တွက်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။၎င်းအဖွဲ့သည် ဗြိတိန် ၊ စပိန် ၊ အီတလီ ၊ ဂျာမနီ နှင့် ဘယ်လ်ဂျီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို မေ ၄ ရက်အထိ စောင့်ကြည့်လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ရှိ ဟွန်ဒါဆိုင်ကယ်အရောင်းပြခန်း၌ ခပ်ခွာခွာနေရန် အမှတ်အသားပြုလုပ်ထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါ ကိန်းဂဏန်းများအရ ယင်းနိုင်ငံများတွင် NPIs မလုပ်ခဲ့ပါက လူပေါင်း ၁၂ သန်း မှ ၁၅ သန်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရထားရပြီးဖြစ်ကြောင်း အဖွဲ့က ခန့်မှန်းထားသည်။ယင်းကိန်းဂဏန်းများပေါ်အခြေခံပြီး ကြိုတင်ကာကွယ်ရေးအစီအစဉ်များ(NPIs) ပြုလုပ်ခဲ့ခြင်းကြောင့်သာ ခန့်မှန်းခြေ လူအသက်ပေါင်း ၃.၁ သန်းကို ကယ်တင်နိုင်ခဲ့သည်ဟု စစ်တမ်းကဆိုသည်။  

ထို့ပြင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပမာဏများ ကွဲလွဲမှုများရှိနေလင့်ကစား ယင်းသို့လုပ်ဆောင်ခဲ့ခြင်းကြောင့် ကူးစက်မှုကို ပျမ်းမျှ ၈၂ ရာခိုင်နှုန်းအထိ လျှော့ကျစေခဲ့ကြောင်း ၎င်းတို့က တွက်ချက်ဖော်ပြခဲ့သည်။“ lockdown ချခြင်း နဲ့ ကျောင်းပိတ်ခြင်း စတဲ့ ကြားဝင်ဟန့်တားမှု အစီအစဉ်တွေမရှိဘူးဆိုရင် COVID-19 နဲ့ သေဆုံးသူအရေအတွက်ဟာ အများကြီးပိုသွားနိုင်ပါတယ် ၊ ကျွန်တော်တို့ရဲ့ လေ့လာမှုအရ ဥရောပနိုင်ငံအားလုံးမှာ အဲဒီလို ပိတ်ဆို့မှုတွေလုပ်ခဲ့လို့သာ ကူးစက်မှုနှုန်းဟာ အမြင့်ဆုံးအဆင့်ကနေ လျော့ကျသွားခဲ့ရတာပါ” ဟု လန်ဒန်မြို့ Imperial ကောလိပ် ၊ Jameel သိပ္ပံ ၏ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါလေ့လာစောင့်ကြည့်မှုဌာန MRC မှ ပညာရှင် ဒေါက်တာ Samir Bhatt က ဆိုသည်။

“ ကျနော်တို့ရဲ့လေ့လာမှုအရ ဒီဥရောပတိုက်မှာ အရင်က ခန့်မှန်းထားတာထက် ကူးစက်မှုပိုများနိုင်ပါတယ် ၊  SARS-CoV-2 ကူးစက်မှုကို လုံးဝထိန်းချုပ်နိုင်တဲ့အချိန်ထိ ဂရုစိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.