ဂျာကာတာ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ်၌ လွန်ခဲ့သောလ ၃၁ ရက်က ဖြစ်ပွားခဲ့သော တောင်ပြိုမှု တွင် သေဆုံးသူဦးရေသည် ၁၅ ဦး အထိ ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ ဇန်နဝါရီ ၂ ရက်နေ့ သတင်းများအရ သိရသည်။
ဘရပ်ဇီးလီးယား၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) စစ်တပ် ဗိုလ်ကြီး တစ်ဖြစ်လဲ နိုင်ငံရေးသမား ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ဘရာဇီးနိုင်ငံ ၃၈ ယောက်မြောက် သမ္မတအဖြစ် လုံခြုံရေးအခြေအနေ မြင့်တက်နေသည့်ကြားမှ ဇန်နဝါရီလ ၁ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ကင်ညာ နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ကြေညာချက်အရ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဇန်နဝါရီ ၁ ရက် တွင် ဆိုမာလီ နိုင်ငံ မြောက်ပိုင်းဒေသ ၌ Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း...
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆံဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။