Connect with us

CHINA

အမေရိကန် နိုင်ငံ အနေဖြင့် ခေါင်းရှောင်ခြင်း ကိုသာ ကြိုးစားဆောင်ရွက်ခြင်း မပြုလုပ်ရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား 

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ပွင့်လင်းမြင်သာပြီး တာဝန်ယူသည့် သဘောထားမျိုးဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထု အလေးထားစောင့်ကြည့်နေသည့် မေးခွန်းများကို တုံ့ပြန်သွားပြီး ထိရောက်သည့် ဆောင်ရွက်မှုများဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထု တို့၏ အသက်လုံခြုံရေး နှင့် ကျန်းမာရေး ကောင်းမွန်စေရေး တို့ကိုဆောင်ရွက်သွားကာ ခေါင်းရှောင်ခြင်း ကိုသာ ကြိုးစားဆောင်ရွက်ခြင်း မပြုလုပ်ရန် မျှော်လင့်ကြောင်း မေလ ၁၄ ရက် ၌ ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၏ လတ်တလောရက်ပိုင်း ပြောကြားမှုများ နှင့် ပတ်သက်၍ ကျောက်လိကျန်း က လိမ်ညာပြောဆိုမှုက ထပ်ခါတလဲလဲ အကြိမ်ထောင်နှင့်ချီ၍ ပြောဆိုနေလျှင်လဲ လိမ်ညာပြောဆိုမှုသာ ဖြစ်မည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ နိုင်ငံရေးသမားအချို့ ၏ တရုတ် နိုင်ငံ အပေါ် ပြစ်တင်ပြောဆိုမှု နှင့် ပတ်သက်၍ တရုတ် နိုင်ငံ အနေဖြင့် အကြိမ်ကြိမ် ရှင်းလင်း ပြောကြား ခဲ့ပြီး လက်တွေ့ဖြစ်ရပ်မှန် နှင့် ပတ်သက်၍ ရှင်းလင်းစွာ ပြောကြားပေးခဲ့ပြီ ဖြစ်ကြောင်း ၊ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး စင်တာ ဌာနမှူး Robert Redfield က မေလ ၁၂ ရက် ၌ အမေရိကန် အထက်လွှတ်တော် တွင် ကျင်းပပြုလုပ်သော ကြားနာမှု ကို တက်ရောက်စဉ် တရုတ် နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် နှစ် ဒီဇင်ဘာ ၃၁ ရက် တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ထံသို့ ဝူဟန့်မြို့ ၌ အမျိုးအစား မသိရှိသေးသည့် အဆုတ်ရောင်ရောဂါ တစ်မျိုးဖြစ်ပွားနေသည် ကို အကြောင်းကြား ခဲ့သည် ဟု ပြောကြား ခဲ့ကြောင်း ၊ Robert Redfield အနေဖြင့် တရုတ် နိုင်ငံ မှ အကြောင်းကြားပြီးနောက် နှစ်ရက် အတွင်း တရုတ် နိုင်ငံ နှင့် ဆက်သွယ်ခဲ့ပြီး သိပ္ပံနည်းပညာဆိုင်ရာ ကိစ္စရပ်များ ကို ကောင်းမွန်စွာ ဆွေးနွေး ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ကျန်းမာရေး နှင့် အများပြည်သူဝန်ဆောင်မှု ဝန်ကြီးဌာန လက်အောက်ရှိ ဇီဝဆေးပညာ အဆင့်မြင့် သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဌာနမှူးဟောင်း ပါမောက္ခ Rick Bright က မေလ ၁၃ ရက် တွင် အမေရိကန် နိုင်ငံ လွှတ်တော် ၌ ပြုလုပ်သည့် ကြားနာမှု တွင် ၎င်းအနေဖြင့် ဇန်နဝါရီလ ၌ အမေရိကန် နိုင်ငံ မှ COVID-19 ရောဂါ အား ရင်ဆိုင်ရန် အတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သော်လည်း အမေရိကန် နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် လက်မခံခဲ့ဘဲ လိုအပ်သည့် အရေးပေါ် ဆောင်ရွက်မှုများ ကို မပြုလုပ် ခဲ့ကြောင်း ကို ပြောကြားခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ကျောက်လိကျန်း က အမေရိကန် နိုင်ငံ အနေဖြင့် ယခု အကြိမ် ဖြစ်ပွား သည့် ကပ်ရောဂါ အား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်း ခဲ့သည် ကို အမေရိကန် နိုင်ငံ ပြည်တွင်း မီဒီယာ များက ဝေဖန်သုံးသပ်မှု ဆောင်းပါးများစွာ ရေးသားဖော်ပြပေးခဲ့ပြီး ဖြစ်ကာ အမေရိကန် ပြည်သူလူထုများ အနေဖြင့်လည်း အမေရိကန် နိုင်ငံ ၏ လုပ်ဆောင်မှု များကို ကိုယ်တွေ့ ခံစားသိရှိခဲ့ရကြောင်း ၊ အမေရိကန် ပြည်သူလူထု များစွာ အနေဖြင့်လည်း အမေရိကန် နိုင်ငံ အစိုးရ က ကပ်ရောဂါ နှင့် ပတ်သက်၍ အချိန်မီ ထိရောက်သော ဆောင်ရွက်မှု ပြုလုပ်ခြင်း ရှိမရှိ အပေါ် သံသယ ဖြစ်မှု နှင့် စိုးရိမ်မှုများ ဖြစ်ပွားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)