ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂,ဝဝဝ ကျော် နှင့် ပြည်တွင်းအလုပ်နေရာ ၂၁,ဝဝဝ ကျော် အား စက်တင်ဘာလ အတွင်း ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုးကုတ်မြို့နယ်တွင် အောက်တိုဘာ ၁၆ ရက်၌ ငွေကျပ် သိန်း ၁ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ယောက်၏ မူလ အခွင့် အရေး မဆုံးရှုံးစေရန် အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ လူငယ်များ ချစ်ကြည် ရင်းနှီးမှု အစီအစဉ် အရ မြန်မာ-တရုတ် နှစ်နိုင်ငံ လူငယ်များ အကြား ချစ်ကြည် ရင်းနှီးမှုများ ပိုမို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ လူငယ် ၉၇ ဦးသည် တရုတ် ပြည်သူ့...
ချင်းဟိုင်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းဟိုင်ရှိ Dahuangping အဝေးပြေးလမ်းကို ၂ဝ၁၅ ခုနှစ်နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့သည်။ အဆိုပါ အဝေးပြေးလမ်းဖောက်လုပ်စဉ်မှာပင် ဟင်းသီးဟင်းရွက် သီးပင်စားပင်များ ကိုလည်း လမ်းတလျှောက်စိုက်ပျိုးခဲ့သည်။ Dahuangping အဝေးပြေးလမ်းဆောက်လုပ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးဖြစ်သူ Yuan Xiaowei က “ကျွန်တော်တို့...