မိုဂါဒစ်ရှူး ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Baidoa ဒေသတွင် အောက်တိုဘာ ၁၅ ရက်က ဆိုမာလီအစိုးရတပ် နှင့် အယ်လ်ရှာဘတ်အစွန်းရောက်လက်နက်များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် ၈ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အစိုးရတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တီဟီရန် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က အောက်တိုဘာ ၁၅ ရက် ၌ ဆီးရီးယား နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် တွင် ပူးပေါင်းပါဝင်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က အမေရိကန်အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း တရားမဝင် တည်ရှိနေခြင်းကိုရပ်တန့်ရန် အောက်တိုဘာ ၁၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ယီမင် နိုင်ငံ သမ္မတ Abdrabbuh Mansur Hadi က အောက်တိုဘာ ၁၅ ရက် ၌ လက်ရှိ ဝန်ကြီးချုပ် Ben Dager အား ရာထူး မှ ထုတ်ပယ်ပြီး Abdulmalik...
ဟောင်ကောင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း နယူးကယ်လီဒိုးနီးယားကျွန်းများရှိ Tadine မြို့အရှေ့ဘက် ၁၆၂ ကီလိုမီတာတွင် အောက်တိုဘာလ ၁၆ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၀၁း၀၃း၄၆ နာရီအချိန်က ၆.၈ ပမာဏရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။