နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁,၈၃၄ ဦးအထိ ရောက်ရှိလာပြီးနောက် သေဆုံးသူ အရေအတွက် ၄၁ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ လာမည့်ရက်များအတွင်း နေ့စဉ် COVID-19 စမ်းသပ်မှုများကို အရေအတွက် နှစ်ဆတိုးသွားမည် ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Press TV က ဧပြီ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) COVID-19 တိုက်ဖျက်နေသည့် နိုင်ငံနှင့်ဒေသများကို တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (PPE) များ ထောက်ပံ့မည့် တရုတ်နိုင်ငံ၏အားထုတ်မှုကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။
မင့်စ်ခ် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရမှ ဘီလာရုစ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် ပေးအပ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီ ထောက်ပံ့ရေးပစ္စည်းများသည် ဧပြီလ ၁ ရက် ညပိုင်း အချိန်တွင် ဘီလာရုစ် နိုင်ငံ...
ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် တစ်ရက်အတွင်း လူသေဆုံးမှု အများဆုံးစံချိန်အဖြစ် ဧပြီ ၁ ရက် (၂၄ နာရီအတွင်း) သေဆုံးသူ ၈၈၄ ဦးထိ ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်သော...