တိုကျို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ချီဘားစီရင်စုတွင် ဒေသစံတော်ချိန် နေ့လယ် ၁း၁၅ နာရီက ပြင်းအား ၅.၃ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက အောက်တိုဘာလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မတူပီ-ပလက်ဝလမ်း နှင့် ကျောက်တော်-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်းသည် ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၄၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
မော်စကို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအတွင်းရှိ Chuvashia ပြည်နယ်တွင် မီနီဘတ်စ်ကားနှင့် ထရပ်ကားတို့ အောက်တိုဘာလ ၁၁ ရက်က တိုက်မိခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၁၀ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယင်းပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍...
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခွင့် ဆိုင်ရာ တို့နှင့် စပ်လျဉ်း၍ ထပ်မံ အသိပေး ထုတ်ပြန် ကြေညာခြင်း တစ်ရပ်အား အောက်တိုဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ဘရာဇဗီလီ ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ Nord-Ubangi ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က လတ်တလောရက်ပိုင်း အတွင်း Ubangi မြစ် ၌ စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူအနည်းဆုံး...