Videos
တရုတ်နိုင်ငံ၏ နှစ်ပတ်လည်အစည်းအဝေးနှစ်ရပ်ကာလတွင်အသုံးပြုမည့် မော်တော်ယာဉ်များအားစစ်ဆေး
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံပေကျင်းမြို့တွင် နှစ်စဉ်ကျင်းပသည့် နှစ်ပတ်လည် အစည်းအဝေးနှစ်ရပ်ကာလတွင် အသုံးပြုရန် မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေးလျက်ရှိကြောင်းသိရသည်။ အစည်းအဝေးနှစ်ရပ်မှာ တရုတ်နိုင်ငံ၏ ထိပ်သီး ဥပဒေပြုရေးနှင့် ထိပ်သီး နိုင်ငံရေးအကြံပေးအဖွဲ့ဝင်များ၏ နှစ်စဉ်ကျင်းပသည့်အရေးကြီး အစည်းအဝေးများဖြစ်သည်။ အဆိုပါ အစည်းအဝေးများသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မေ ၂၂ ရက်နှင့် ၂၁ ရက် များသို့ အသီးသီးရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ (Xinhua)
Continue Reading