နယူးဒေလီ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရေကြီးခြင်းကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီး ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ပေါ့တ်လူးဝစ်္စ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင်လ ၂၇ ရက်တွင် မောရစ်သျှသမ္မတ နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်ထိ မြင့်တက်လာသောကြောင့်ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။