ပေကျင်း၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ၏ ကဏ္ဍရပ်စုံ မဟာစီမံကိန်းကြီးများကို ဆင်ဟွာသတင်းဌာနမှ စုစည်းတင်ဆက်ထားပါသည်။(Xinhua)
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Zacatecas ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက ဆူပူမှုများဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရတ်နိုင်ငံဝန်ကြီးချုပ် Adel Abdul Mahdi ထံ ဒီဇင်ဘာ ၃၁ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “သမိုင်းတွင်သောနှစ်” ၌ အားလုံးက လေးစားရသော အတော်အတန် ပြည့်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်မည့် ပထမရာပြည့်ပန်းတိုင် ရောက်ရှိရန် ကတိပြုပါကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးမိန့်ခွန်းတွင်...
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဦးဝင်းသူမိုးအား မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဆက်လက်သက်တမ်းတိုး ချုပ်ဆိုတော့မည် မဟုတ်ဘဲ နည်းပြချုပ်သစ် တစ်ဦးအား ခန့်အပ်တာဝန်ပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။