Connect with us

WORLD

ထရမ့်အစိုးရ၏  WHO အဖွဲ့ဝင်ကြေး ယာယီရပ်ဆိုင်းမှုဆုံးဖြတ်ချက်အပေါ် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ  စုံစမ်းစစ်ဆေးမည်

WHO အဖွဲ့ဝင်ကြေးပေးသွင်းမှု ယာယီရပ်ဆိုင်းမည်ဟု ဧပြီ ၁၄ ရက်တွင် အိမ်ဖြူတော် ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတထရမ့်က ပြောကြားစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

ထရမ့်အစိုးရ၏ WHO အဖွဲ့ဝင်ကြေးပေးသွင်းမှု ယာယီရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်အား စုံစမ်းစစ်ဆေးသွားမည်ဟု  အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီမှ Eliot Engelက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

COVID-19 ရောဂါ တစ်ကမ္ဘာလုံးတွင် ပြန့်ပွားနေချိန် ထရမ့်အနေဖြင့် WHO အဖွဲ့ဝင်ကြေး ပေးသွင်းမှု ယာယီရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်သည် တန်ပြန်ဆိုးကျိုးဖြစ်စေပြီး အသက်များစွာ အန္တရာယ်ဖြစ်စေနိုင်ကြောင်း ၊ လက်ရှိ အန္တရာယ်အကျပ်အတည်းတွင် WHOကို တိုက်ခိုက်ခြင်းသည် ကပ်ရောဂါမီးလျှံကို ပိုတောက်လောင်စေနိုင်ကြောင်း  Eliot Engelက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုထံ ပေးပို့သည့်စာတစ်စောင်တွင် ရေးသားထားသည်။ 

ထိုဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မှတ်တမ်း သတင်းအချက်အလက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနက မေ ၄ ရက် ညနေ မတိုင်မီ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီသို့ ပေးပို့ရန် Eliot Engelက တောင်းဆိုထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁၄ ရက်တွင် WHO အဖွဲ့ဝင်ကြေးပေးသွင်းမှု ယာယီရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့ပြီး ထိုမတိုင်မီကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အမေရိကန် အနေဖြင့် WHO အဖွဲ့ဝင်ကြေးကို လုံး၀ပြန်လည်ပေးသွင်းမှု မပြုခြင်းမျိုးလည်း ဖြစ်လာနိုင်ကြောင်း ၊ အစားထိုးအဖွဲ့တစ်ခု ဖွဲ့စည်းခြင်းမျိုးလည်း ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောဆိုချက်အပေါ် နိုင်ငံတကာအသိုက်အဝန်းနှင့်အမေရိကန်ပြည်တွင်း ကျွမ်းကျင်ပညာရှင်များ၏ ဝေဖန်မှုကို ခံနေရ ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.