နယူးယောက်၊ မေ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် အသက်သေဆုံးရသူ အရေအတွက် ၁ သိန်းကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ မေ ၂၇ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြု ကိုယ်စားလှယ်များက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းချက် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအပေါ် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက အလေးအနက်ထား သဘောတူညီခဲ့ကြပြီး ယင်းဥပဒေကြမ်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများ အပြင် ဟောင်ကောင်၏ ရေရှည်ကြွယ်ဝမှု...
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေး၏ ဦးဆောင်အဖွဲ့သည် တတိယအကြိမ်အစည်းအဝေးကို မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုတ်သုံအဝင် နောက်ကျလျက်ရှိကြောင်း၊ ထိုသို့ မုတ်သုံနောက်ကျသည့်အတွက် မုတ်သုံမဝင်ခင်ကာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မိုးသက်လေပြင်းကျတာမျိုးဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးဦးလှထွန်းက မေ ၂၈ ရက်တွင်ပြောကြားသည်။
ပေကျင်း၊ မေ ၂၈ ရက်(ဆင်ဟွာ) ဟောင်ကောင်သည် လုံးဝဥဿုံ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဆိုသည့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံက အပြည့်အဝ သဘောတူ တန်ဖိုးထား လက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။