ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အင်ဒိုနီးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များအဖြစ် သွားရောက်ရန်နှင့် ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် သတ္တမအကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ယနေ့ (မေလ ၆ ရက်) ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၆ ရက်(ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာ၌ မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၁၈ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရီယိုဒီဂျေနေးရိုး၊ မေ ၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ တောင်ပိုင်း ပါရာနာပြည်နယ်တွင် မေလ ၅ ရက် အစောပိုင်းက ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီးနှင့် ကားတစ်စီး တိုက်မိခဲ့ရာ ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးကြောင်း အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၆ ရက်(ဆင်ဟွာ) မြဝတီ- ကော့ကရိတ် အာရှလမ်း၌ ဘုရားဖူး မှန်လုံယာဉ် တစ်စီးသည် လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် အပါအဝင် အမျိုး သား ငါးဦး၊ အမျိုးသမီး ၁ဝ ဦး စုစုပေါင်း ၁၅...
ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျင်းပသည့် ကြက်ခြေနီရန်ပုံငွေဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်တိုက်ပွဲရှောင်ပြည်သူများနှင့် လူမှုကရုဏာလုပ်ငန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က မြန်မာနိုင်ငံကြက်ခြေနီအသင်းအား အလှူတော်ငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။