ပေကျင်း၊ မေ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့် အမျိုးသားဥပဒေပြုရေးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသည် ယနေ့ မေ ၂၈ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ ယခု video သည် အစည်းအဝေး ပြီးဆုံးသည့်အခမ်းအနားအား ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ကွေ့ကျိုး၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ Beipanjiang မြစ်ကူးတံတားကြီးသည် ကမ္ဘာ့အမြင့်ဆုံးတံတားတစ်စင်းအဖြစ်သတ်မှတ်ခြင်းခံရသည်။ တံတားကြီးကို တောင်ကြားနှစ်ခု၏ အထက် အမြင့် ၅၆၅ မီတာတွင်ဆောက်လုပ်ထားသည်။ ကမ္ဘာ့အမြင့်ဆုံးတံတားကြီး၏ မြင်ကွင်းကို ကောင်းကင်ပုံရိပ်များဖြင့် ရိုက်ကူးထားသည်ကိုစုစည်းတင်ဆက်ထားပါသည်။ (Xinhua)
ရန်ကုန် ၊ မေ ၂၈ ရက်(ဆင်ဟွာ) COVID-19 ရောဂါ မပြန့်ပွားရေးအတွက် ချမှတ်ထားသော သတ်မှတ်ချက် တစ်ချို့ကို ဇွန်လ ၁ ရက်မှ စ၍ ဖြေလျှော့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ ရေးသား ဖော်ပြခဲ့သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏ ပြည်တွင်းရေးကို ကိုင်တွယ်ရန် ဉာဏ်ပညာနှင့် စွမ်းရည်ရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးများ၊ ဆေးဝါးများနှင့် ရောဂါစမ်းသပ်ရေးပစ္စည်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားရန်နှင့် ကမ္ဘာနှင့်အတူ ဆောင်ရွက်မှုများကို မျှဝေသွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။