ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊ ဇူလိုင်လ လပတ်၊ ဇူလိုင်လ ပထမ(၁၀) ရက်ပတ်နှင့် မိုးလယ်ကာလ ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ၏ ပြည်ပငွေကြေးလဲလှယ်မှုဈေးကွက် ၌ ဒေါ်လာဈေးသည် တစ်ဒေါ်လာ ၁၃၂၄ ကျပ်ခန့်မှစပြီး တအိအိမြင့်တက်လာခဲ့ရာ ဇွန်လကုန်ပိုင်းတွင်မူ ယနေ့တစ်ဒေါ်လာ ၁၃၉၅ ကျပ် အထိ စံချိန်သစ်တင် ၍ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လယ်ရှိ အကြီးဆုံး Gikomba လေဟာပြင်ဈေးတွင် ဇွန်လ ၂၈ ရက်အရုဏ်တက်ချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားသူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွင်းရေးမှူးဌာနများ၊ ညှိနှိုင်းဆောင်ရွက်ရေးရုံးများ ၏ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ကျန်းကျိုက်တုန်း ၊...