Connect with us

WORLD

ဂျပန်နိုင်ငံ၌ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၇,၄၀၀ ကျော်ရှိလာ

ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်းအား ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ဧပြီ ၁၃ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ဧပြီ ၁၂ ရက် ဒေသစံတော်ချိန်  ၂၂ နာရီအထိ  အသစ်ထပ်တိုးအတည်ပြုလူနာ ၅၀၀ ဦး ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၇,၄၂၃ ဦး ရှိသွားပြီဖြစ်ကြောင်း NHK ရုပ်သံ သတင်းဌာန၏စာရင်းများအရ သိရသည်။

တိုကျိုမြို့တွင် ဧပြီ ၁၂ ရက်က အသစ်ထပ်တိုးလူနာ ၁၆၆ ဦး ရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၂,၀၆၈ ဦးရှိကြောင်း သိရသည်။လက်ရှိ ဂျပန်နိုင်ငံတွင် စီရင်စုပေါင်း ၄၇ ခု အနက် Iwate စီရင်စုတစ်ခုတည်း၌ COVID-19 ရောဂါအတည်ပြုလူနာ အစီရင်ခံမှုမရှိသေးကြောင်း သိရသည်။ဧပြီ ၁၂ ရက်ထိ ဂျပန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၃၈ ဦး ၊ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၇၈၄ ဦး ရှိပြီး Diamond Princess သင်္ဘောပေါ်တွင် အတည်ပြုလူနာ ၇၁၂ ဦး အနက် ၁၂ ဦး သေဆုံးခဲ့ပြီး ၆၄၄ ဦး ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်းအား ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်းအား ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံဝန်ကြီးချုပ်  ရှင်ဇိုအာဘေး က  ဧပြီ ၁၂ ရက်တွင် ၄င်း၏ လူမှုကွန်ရက်မီဒီယာတွင် နေအိမ်၌ အနားယူနေသည့် ဗီဒီယိုကို မျှဝေခဲ့ပြီ  အများပြည်သူကိုလည်း တတ်နိုင်သမျှ အပြင်မထွက်ကြရန် တိုက်တွန်းခဲ့သည်။ အရေးပေါ်အခြေအနေကြေညာပြီးနောက် လူအများအပြင်ထွက်မှုများလျော့နည်းသွားမည်ဖြစ်ရာ ယခုလ ၂၀ ရက် ဝန်းကျင်တွင် ရောဂါကာကွယ်ရေး ရလဒ်ကို မြင်တွေ့နိုင်ကြောင်း  ဂျပန်နိုင်ငံ ကူးစက်ရောဂါဗေဒပညာရှင်အဖွဲ့ အကြီးအကဲက ဆိုသည်။လူလူချင်း ထိတွေ့ဆက်ဆံမှု ၈၀ ရာခိုင်နှုန်းလျော့နည်းသွားပါက ကူးဆက်မှုသည်လည်းလျော့နည်းလာမည့် အနေအထားရှိကြောင်း  သိရသည်။ (Xinhua)