Connect with us

WORLD

အိန္ဒိယနိုင်ငံ တွင် COVID-19 ဖြင့် သေဆုံးသူ ၃၀၈ ဦး အထိ ရှိလာ၊ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉,၁၅၂ ဦးရှိ

အိန္ဒိိယနိုင်ငံ တွင် COVID-19 ရောဂါ ကာကွယ်ရန် ပိုးသတ်ဆေးဖြန်းနေမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) 

အိန္ဒိယနိုင်ငံ တွင် COVID-19 ကြောင့် သေဆုံးသူ ၃၀၈ ဦးအထိမြင့်တက်ခဲ့ပြီး၊ အတည်ပြုလူနာ စုစုပေါင်း ၉,၁၅၂ ဦးရှိကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ဧပြီ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ အထိ အိန္ဒိယနိုင်ငံ ၌ COVID-19 ကြောင့် သေဆုံး သူ ၃၀၈ ဦး ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။ ယင်းမှာ ဧပြီ ၁၂ ရက် နံနက်မှစ၍ တစ်ရက်တာအတွင်း ရောဂါ ပိုးကူးစက်ခံရသူ ၇၉၆ ဦး နှင့်သေဆုံးသူ ၃၅ ဦး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ပြန်လည်ကျန်းမာလာသူ လူနာ ၈၅၇ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန် ရှိသူများကပြောခဲ့ ကြသည်။ “အခုအချိန်မှာ နိုင်ငံတွင်းရောဂါကူးစက်ခံထားရသူပေါင်း ၇,၉၈၇ဦးရှိပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက် တွင်ဖော်ပြခဲ့သည်။ 

ဧပြီ ၁၃ ရက်သည် ကူးစက်ရောဂါပြန့်နှံ့မှုအားထိန်းချုပ်ရန်အတွက် အစိုးရမှနိုင်ငံတွင်းသွားလာမှုကို ၂၁ရက်ကြာ ပိတ်ဆို့ကန့်သတ်ထားသည့် ရက် ၂၀ မြောက်နေ့ဖြစ်ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း သုံးပတ်ကြာအသွားအလာကန့်သတ်ထားမှုသည် ဧပြီ ၁၄ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ပြည်နယ်အချို့အနေဖြင့် အသွားအလာကန့်သတ်ခြင်းအမိန့်ကို ဧပြီ ၃၀ ရက်အထိ တိုးမြှင့်ထားကြောင်း ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့ကြသည်။ သို့သော် ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်ခြင်း အားရက်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ကြေညာချက် တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.