ဝူဟန့်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုဒဏ်အများဆုံးခံစားခဲ့ရသော ဝူဟန့်မြို့အား သီတင်းပတ် ၁၁ ပတ်နီးပါး အသွားအလာကန့်သတ်ပိတ်ပင်ထားရာမှ ဧပြီ ၈ ရက်ကစတင်၍ ခရီးသွားလာခွင့် ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
လန်ဒန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ခံထားရသော ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ ဒုတိယမြောက်ည ကို ဆက်လက်ဖြတ်သန်းနေထိုင်ခဲ့ရကြောင်း နှင့် ၎င်း၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့် ၊ဧပြီ ၈ ရက်(ဆင်ဟွာ) ဝူဟန့်မြို့မှထွက်ခွာမည့်လမ်းကြောင်းများ ထိန်းချုပ်စီမံမှုကို ဧပြီ ၈ ရက်တွင် ဖျက်သိမ်းလိုက်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန် ပြန်လည် လည်ပတ်မှု စတင်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၈ ရက်(ဆင်ဟွာ) သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနသည် လေဆိပ်၊ ရေဆိပ်၊ နယ်စပ် ဝင်/ထွက်ပေါက် စသည်တို့တွင် အကောက်ခွန် ဆိုင်ရာလုပ်ငန်းများကို အချိန်ကြာမြင့်မှုမရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ရန် မြန်မာနိုင်ငံရှိ တရုတ် ကုမ္ပဏီ နှစ်ခု ဖြစ်သည့် Hytera Communications Corp. Ltd(Myanmar) နှင့် China State Construction Engineering Corporation CSCEC Myanmar ကုမ္ပဏီတို့က မြန်မာနိုင်ငံ...