Connect with us

Politics, Law & Military

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လေဆိပ်၊ ရေဆိပ်၊ နယ်စပ် ဝင်/ထွက်ပေါက် စသည်တို့တွင် အကောက်ခွန် ဆိုင်ရာလုပ်ငန်းများ အချိန်ကြာမြင့်မှုမရှိစေရန် ဆောင်ရွက်ပေးမည်ဟုဆို

အကောက်ခွန်ဦးစီးဌာနအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနသည် လေဆိပ်၊ ရေဆိပ်၊ နယ်စပ် ဝင်/ထွက်ပေါက် စသည်တို့တွင် အကောက်ခွန် ဆိုင်ရာလုပ်ငန်းများကို အချိန်ကြာမြင့်မှုမရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မဟာသင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ ၁၀ ရက်၊ ဧပြီ ၁၃ ရက် နှင့် ဧပြီ ၁၆  ရက်များတွင် အကောက်ခွန်လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဧပြီ ၁၀ ရက်၌ ဆိပ်ကမ်းများအားလုံး အချိန်ပို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်နှင့် ဧပြီ ၁၆ ရက်များတွင် ဆိပ်ကမ်း လုပ်ငန်းများသာမက ရုံးလုပ်ငန်းများပါ  နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိအချိန်ပိုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အချိန်ပိုလုပ်ငန်း ဆောင်ရွက်လိုသူများအနေဖြင့် Myanmar Automated Cargo Clearance System (MACCS) စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သော ကြောင့် ဘဏ်ဖွင့်ရက်များတွင် စနစ်အတွင်းသို့ တင်သွင်း/တင်ပို့မည့်ပစ္စည်း များအတွက် ကျသင့်အခွန်အခများ ပေးဆောင်ရန် Deposit ငွေအား လုံလုံ လောက်လောက် ကြိုတင်ထည့်သွင်းထားရမည်ဖြစ်ကြောင်း သိရသည်။

လေဆိပ် Export လုပ်ငန်းများ ဆောင်ရွက်ခြင်းကို Mingalardon Cargo Services (MCS) မှ လေကြောင်းခရီးစဉ်ရှိပါက တစ်ရက်ကြိုတင်၍ အကောက်ခွန် တာဝန်ခံ (ထုတ်/သွင်း)/ (ကာကွယ်ရေး) သို့အကြောင်းကြားပြီး လေယာဉ် ရောက်ရှိသည့်အချိန်တွင် တာဝန်ကျဝန်ထမ်းများက အချိန်ပိုဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လေဆိပ် Import လုပ်ငန်းဆောင်ရွက်လိုပါက Airport Direct Delivery (APDD)ဖြင့် ညွှန်ကြားရေးမှူး (ထုတ်ကုန်/သွင်းကုန် ကြီးကြပ်ရေးဌာနခွဲ)ထံ ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုချက်ရရှိထားသည့် ကုန်ပစ္စည်းများအား ကတိဝန်ခံချက်လျှောက်လွှာ(Under Taking)ဖြင့် လေဆိပ်တာဝန်ကျအရာရှိ မှ တာဝန်ယူစိစစ်၍  ပစ္စည်းထုတ်ပေးခြင်းများ  ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.