ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မှာ မဟာသြင်္ကန်ပွဲတော် ကာလအတွင်း နယ်မြေလုံခြုံရေးကို တပ်ဖွဲ့ဝင် အင်အား ၁,၂၉ဝ ကျော်ဖြင့် အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း စည်းသုံးစည်းဖြင့်လုံခြုံရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။
တိုကျို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာစီရင်စု၌ ဧပြီ ၁၁ ရက်တွင် မြေပြိုမှုတစ်ခုကြောင့် နေအိမ်၃လုံး မြေကြီးများအောက်သို့ ရောက်ရှိသွားပြီးနောက် လူ ၆ဦးပျောက်ဆုံးနေကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဗလာဒီဗိုစတော့ခ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း ရှိ Khabarovsk မြို့ တွင် Mi-8 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၆ဦးသေဆုံးကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။
အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားမြို့ တောင်ဘက် ၃၀ ကီလိုမီတာအကွာရှိ Boufarik တပ်မတော်လေဆိပ်၌ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းက စစ်လေယာဉ် တစ်စင်း ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၅၇ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။...