Connect with us

MYANMAR

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အားဖြည့်ဆောင်ရွက်ရန် ဆရာဝန် နှင့် စေတနာ့ဝန်ထမ်း တစ်သောင်းကျော် စာရင်းပေးထား 

ရန်ကုန်မြို့၌ ပိုးသတ်ဆေးဖြန်းနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ၊ ပြည်သူ့ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ အပါအဝင် လိုအပ်သည့် ကဏ္ဍများတွင် အားဖြည့်ဆောင်ရွက်ရန်အတွက် မိမိဆန္ဒအလျှောက် စေတနာ့ဝန်ထမ်း ဆရာဝန် (၁,၀၀၀)နှင့် အခြား စေတနာ့ဝန်ထမ်း (၁၀,၀၀၀) ခန့် မြန်မာနိုင်ငံဆရာဝန်အသင်းသို့ စာရင်းပေးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ သတင်း ထုတ်ပြန်မှု အရ သိရသည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အစီအစဉ်များအား ဧပြီ ၄ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်မည့် Call Center တွင်ပါဝင်ဆောင်ရွက်လိုကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံများတွင် အဖျားရောဂါလူနာများသီးခြားပြသရန် Fever Clinic များပြုလုပ်ရာတွင်လည်းကောင်း၊

အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာတွင်လည်းကောင်း ပါဝင်ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများသည် ကောင်းမွန်ကြောင်း ၊ အဖျားရောဂါလူနာများသီးခြားပြသရန် Fever Clinic များနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာနေရာများတွင် ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117