Connect with us

ASEAN

ထိုင်းနိုင်ငံ၌ COVID-19 လူနာသစ် ၅၁ ဦး ထပ်တိုး ၊ စုစုပေါင်း ၂,၂၂၀ ဦးထိ ရှိလာ

ဘန်ကောက်မြို့၌ တာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ယနေ့ ဧပြီ ၆ ရက်တွင် COVID-19 လူနာသစ် ၅၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ မတ် ၂၀ နောက်ပိုင်း နေ့စဉ် လူနာသစ်ဦးရေ တိုးပွားမှုနှုန်း အနည်းဆုံး ရက်တစ်ရက် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။  

အဆိုပါ COVID-19 ရောဂါ အတည်ပြု လူနာသစ် ၅၁ ဦးအနက် ၁၃ ဦးမှာ ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။ ထိုင်နိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါ ကူးစက်ခံထားရသူ စုစုပေါင်း ၂,၂၂၀ ဦး ရှိပြီး  သေဆုံးသူ ၂၆ ဦး ရှိကြောင်း သိရသည်။ 

တစ်ချိန်တည်းမှာပင် ဘန်ကောက်မြို့၌ တစ်ဦးတည်းသီးခြားနေထိုင်ရန်  ကန့်သတ်ခြင်းခံထားရသော စောင့်ကြပ်ကြည့်လူနာ အမျိုးသမီးတစ်ဦးသည် ထုတ်ပြန်ချက်အားမလိုက်နာဘဲ နိုင်ငံ အရှေ့မြောက်ပိုင်း  Ubon Ratchathani မြို့သို့ သွားရောက်ခဲ့သည်ကို ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ COVID-19 ကူးစက်ခံထားရသော အဆိုပါ အမျိုးသမီးသည် Ubon Ratchathani မြို့ရှိ ၎င်း၏ မိသားစုဝင်များနှင့်တွေ့ဆုံရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းအမျိုးသမီးသည် Ubon Ratchathani မြို့၌ ၁၅ ဦးမြောက် COVID-19 အတည်ပြု လူနာတစ်ဦးဖြစ်လာကြောင်း နှင့် လွန်ခဲ့သော လေးရက်အတွင်း ရောဂါ ဖြစ်ပွားမှု လုံးဝ မရှိသော ဒေသတစ်ခုတွင် ၎င်းသည် ပထမဆုံး ကူးစက်လူနာတစ်ဦး ဖြစ်လာကြောင်း Ubon Ratchathani မြို့၏ COVID-19 စောင့်ကြည့်ရေးဌာနထံမှ သိရသည်။ (Xinhua)