ရာဘတ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် H1N1 ဗိုင်းရပ်စ် ကူးစက်ခံရပြီးလူ ၅ဦးသေဆုံးခဲ့ကြောင်း မော်ရိုကိုနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးAnasDoukkaliက ဇန်နဝါရီ ၃၁ ရက်နေ့ကပြောကြားသည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ဥရောပလေကြောင်းကုမ္ပဏီကြီး ဖြစ်သောအဲယားဘတ်(စ်)(Airbus) ကုမ္ပဏီက၎င်း၏ သတင်းအချက်အလက် စနစ်တွင် ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုအားရှာဖွေ တွေ့ရှိခဲ့သည်ဟုပြောကြားခဲ့ကြောင်းအမေရိကန် သတင်းမီဒီယာများက ဇန်နဝါရီ ၃၁ ရက်တွင် ဖော်ပြခဲ့ကြသည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်တွင် အအေးလွန်ကဲမှု (porlar vortex) ကြောင့် ရာသီဥတုဆိုးဝါကာဆီးနှင်းများကျဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကာယင်းပြည်နယ်ရှိအနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အတွင်း သစ်များ တင်ဆောင်လာသော ၆ ဘီးယာဉ် တစ်စီးသည် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) Brexitအရေး တစ်ကမ္ဘာလုံးက အာရုံစိုက်နေချိန်တွင် ဗြိတိန်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက် ည၌ မဲခွဲဆုံးဖြတ်မှုတစ်ရပ်ပြုလုပ်ခဲ့ရာ လက်ရှိသဘောတူညီချက်ပါ အိုင်ယာလန်နယ်စပ်ရေးရာ အရံပြင်ဆင်မှု(Backup arrangement)ကို ပြန်လည်ပြင်ဆင်ရန် ဥရောပသမဂ္ဂနှင့်ထပ်မံညှိနှိုင်းရေးအတွက် ဝန်ကြီးချုပ်ထရီဇာမေကို တောင်းဆိုခဲ့သည်။