Connect with us

MYANMAR

COVID-19 ကြိုတင်ကာကွယ်နိုင်ရေးနေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ထုတ်ပြန်

နေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်သော အမိန့်ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ- နေပြည်တော်ကောင်စီနယ်မြေ)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာကို ယနေ့ မတ် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်လုပ်ဆောင်ရန် နေပြည်တော်အဆင့်ဌာနအဖွဲ့အစည်းများ၊

ခရိုင်/မြို့နယ်အဆင့်ဌာနအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ အနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် တွေ့ဆုံပွဲများ၊ အခမ်းအနားများ၊ဟောပြောပွဲများ၊ အစည်းအဝေးများနှင့် သင်တန်းများအား ကျင်းပခြင်း မပြုရန်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊အခမ်းအနားများ၊ ဘာသာရေး/လူမှုရေးနှင့်ဆက်နွယ်သောကိစ္စရပ်များ ကျင်းပမည့်ရက်အား ရွှေ့ဆိုင်းသွားရန်၊ ရုပ်ရှင်ရုံများအား ဖွင့်လှစ်ပြသခြင်းမပြုလုပ်ရန်၊အရောင်းမြှင့်တင်ရေးပွဲများ မပြုလုပ်ရန် ဖော်ပြထားကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်သော အမိန့်ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ- နေပြည်တော်ကောင်စီနယ်မြေ)

ဆက်လက်ပြီး အများပြည်သူအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် အခမ်းအနားများ၊ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာ သကြ်န်ပွဲတော်အတွက် မဏ္ဍာပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်၊ ဘာသာရေးနှင့်ဆက်နွယ်သော လူမှုရေးဆိုင်ရာ အခမ်းအနားများ၊ အခြားဘာသာရေးဆိုင်ရာအခမ်းအနားများနှင့် ပွဲလမ်းသဘင်များ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးအဆင့်ဆင့်မှ ကျင်းပဖျော်ဖြေပွဲများအား ရက် ရွှေ့ဆိုင်းသွားရန်၊ ပုံမှန်/အပတ်စဉ်ဆောင်ရွက်လျက်ရှိသော ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို မဖြစ်မနေဆောင်ရွက်ရန်လိုအပ်ပါက လူဦးရေအနည်းဆုံးဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန်၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြုကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များအတိုင်း ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကဘော်ဒါဆောင်များ ဖွင့်လှစ်ခြင်းအား ခေတ္တရပ်ဆိုင်းထားရန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော မူကြိုကျောင်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ပုဂ္ဂလိကမူကြိုကျောင်းများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်တို့ ထုတ်ပြန်ထားကြောင်း သိရသည်။

အများပြည်သူ စိုးရိမ်ထိတ်လန့်စေမည့် မမှန်သတင်း၊ ကောလာဟလများကို ဖန်တီးဖြန့်ဝေခြင်းမပြုရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117