ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြင်းထန်ပြီး အဓိကကျသော ဘေးအန္တရာယ်များကို ကာကွယ်တားဆီးရန် နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်ရန်အတွက် အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဋ္ဌာန ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လက်ရှိကျင်းပလျက်ရှိသော အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးသို့ ဆုံးဖြတ်ချက်ရယူရန် မတ် ၁၃ရက်တွင်တင်သွင်းသော နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်တွန်းအားပေးရန် ဝန်ကြီးဋ္ဌာနအသစ်တစ်ခုအား တရုတ်နိုင်ငံက ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အမျိုးသား ဥပဒေပြုလွှတ်တော်သို့ မတ်လ ၁၃ ရက်တွင် တင်သွင်းသော ပြုပြင်ပြောင်းလဲရေး စီမံကိန်းအရ သိရသည်။
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန လက်အောက်တွင် နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေး အုပ်ချုပ်ရေးဋ္ဌာန အား ဖွဲ့စည်းရန် စီစဉ်နေကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးသို့ ဆုံးဖြတ်ချက်ရယူရန် မတ် ၁၃ရက်တွင်တင်သွင်းသော နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ် ပါ စာတမ်းတစ်ခုအရသိရသည်။
အာမန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဂျော်ဒန်က မိမိနိုင်ငံ၏စက်မှုလုပ်ငန်းနှင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် တူရကီ နှင့်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဂျော်ဒန်အစိုးရက မတ်လ ၁၂ ရက်နေ့ ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး အား မတ် ၁၃ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။