Connect with us

Videos

တရုတ်နိုင်ငံ၏ အဓိက စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင်

နင်းရှ၊ မတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိက စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် တရုတ် နင်းရှ ဒေသရှိ Ningdong Energy and Chemical Industry လုပ်ငန်းကြီးသည်  စွမ်းအင်ထုတ်လုပ်ရေးကို ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုများကြောင့် စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းကို ရပ်နားထားခဲ့ရပြီးနောက် ယခုလ၌ ဝန်ထမ်းများမှာ ၎င်းတို့၏ လုပ်ငန်းခွင်များသို့ အသီးသီးပြန်လည် အလုပ်ဝင်ကြခြင်းဖြစ်သည်။ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Wei chunhong  က “ မတ်လဆန်းကတည်းက ကျွန်တော်တို့  လုပ်ငန်းအပြည့်အဝပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်ခဲ့ပါတယ် အခုဆိုရင် စက်ရုံရဲ့ ၉၀ ရာခိုင်နှုန်းပြန်လည် လည်ပတ်နေပါပြီ ကျွန်တော်တို့ ဆီက ဝန်ထမ်းတွေ ကလည်း သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို တဖြည်းဖြည်း ပြန်လည်လုပ်ကိုင်နေကြပါပြီ” ဟု ဆိုသည်။ 

တာဝန်ရှိသူတစ်ဦးဖြစ်သည့် Zhang Jinghui က “ လက်ရှိအချိန်အထိ ကျွန်တော်တို့ဟာထုတ်လုပ်နိုင်မှု ပမာဏကို လျှော့ချထားပါတယ် တစ်ချိန်တည်းမှာပဲ ကပ်ရောဂါကြောင့် ကြုံတွေ့ရတဲ့ အနုတ်လက္ခဏာအကျိုးဆက်တွေအတွက် ထုတ်လုပ်မှု စရိတ်ကိုလျှော့ချိနိုင်ဖို့ ကျွန်တော်တို့ အချိန်ပိုပြီး အလုပ်လုပ်ကြပါတယ် ဆုံးရှုံးမှုကို အနည်းဆုံးလျှော့ချပြီး ထုတ်လုပ်မှု ပမာဏ ကို မြှင့်တင်တာပါ” ဟု ဆိုသည်။Ningdong စွမ်းအင်ထုတ်လုပ်ရေးသည် ကုမ္ပဏီပေါင်း၁၅၁ ကုမ္ပဏီ ရှိပြီး ဝန်ထမ်းပေါင်း ၈၁၀၀၀ ဖြင့်လည်ပတ်နေသည့် စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.