Connect with us

VIDEO

 နေ့စဉ်လူပေါင်း ၂သိန်းအထိ COVID-19 ကူးစက်ခံရမှုရှိမရှိ စစ်ဆေးနိုင်မည့် ကိရိယာများ 

စီချွန်း၊ မတ် ၉ ရက်  (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ် ချန်တူးမြို့ ရှိ ချန်တူးအခြေစိုက် Maccura Biotechnology Co.,ltd က နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိမရှိ သွေးရည်ကြည်မှ တစ်ဆင့် စစ်ဆေးနိုင်သည့် ကိရိယာအသစ်များကို ထုတ်လုပ်ခဲ့ကြောင်းသိရသည်။  ထိုကိရိယာများသည် ရောဂါကို တိကျစွာဖော်ထုတ်နိုင်သောကြောင့်  မှားယွင်းကောက်ချက်ချမှုများကို ရှောင်ရှားနိုင် သည်။ ကိရိယာ တစ်ခုလျှင် လူပေါင်း ၉၆ ယောက်ကို စစ်ဆေးနိုင်ပြီး အချိန် ၂ နာရီသာကြာမြင့်မည်ဖြစ်သည်။ အချိန်တိုအတွင်း လူပေါင်းများစွာကိုစစ်ဆေးနိုင်ခြင်းသည်ယင်းကိရိယာ၏ အားသာချက်လည်းဖြစ်သည်။ ထိုကိရိယာများကို စက်ရုံ၌ ထုတ်လုပ်သည့် ပမာဏမှာ  တစ်ရက်လျှင် လူပေါင်း ၂သိန်းအထိ ရောဂါ ရှိမရှိ စစ်ဆေးနိုင်မည့်ပမာဏ ဖြစ်ကြောင်းသိရသည်။   (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.