Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ ချည်မျှင်နှင့်အထည်ကုန်ကြမ်းလိုအပ်မှုကို တရုတ်နိုင်ငံက အမြန်ဆုံး အားဖြည့် ဆောင်ရွက်ပေး

ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်စက်ရုံတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ မတ် ၉ ရက်(ဆင်ဟွာ) 

ကမ္ဘောဒီးယားနိုင်ငံ၏ ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများကို ဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံ သက်ဆိုက်ရာမှ လျင်မြန်စွာ ဆောင်ရွက်လျက်ရှိရာ ကုန်ကြမ်းပစ္စည်းများ မတ် ၉ ရက်မှစ၍ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှတစ်ဆင့် သိရသည်။

COVID-19 ရောဂါ ဖြစ်ပွားမှုဂယက်ကြောင့် ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းများသည် ယခုကာလများအတွင်း ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှု အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရသည်။ အေးတူပူအမျှရှိကြသည့် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်းတွင် တရုတ်နိုင်ငံအနေဖြင့် အခက်အခဲများကို ကြိုးပမ်းကျော်လွှားရင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း ၊ ကုန်ကြမ်းပစ္စည်းများကို ကမ္ဘောဒီးယားနိုင်ငံသို့ သယ်ယူပို့ဆောင်ရာတွင် အာမခံမှုရှိစေရန်အတွက် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးတို့က ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ သံရုံး စီးပွားရေး သံမှူး ဝူးကော်ချွန်က  မတ် ၈ ရက်တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ COSCO SHIPPING ၊ OOCL နှင့် SINOTRANSစသည့် ကုမ္ပဏီများ ပူးတွဲ၍ ချည်မျှင်နှင့်အထည်ကုန်ကြမ်းပစ္စည်းအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ ကုန်တင်သင်္ဘောများသည် သက်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဆိုက်ကပ်နိုင်အောင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ချည်မျှင်နှင့်အထည် ကုန်ကြမ်းပစ္စည်း ကွန်တိန်နာ ၆၀ ကျော်တင်ဆောင်လာမည့် သင်္ဘောသည် မတ် ၉ ရက်တွင် Sihanoukvilleဆိပ်ကမ်းသို့ ပထမဆုံးရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

သံမှူး ဝူးကော်ချွန်က  နှစ်နိုင်ငံအစိုးရ အတူ အားပေးထောက်ခံမှုနှင့် သက်ဆိုင်ရာလုပ်ငန်းများ၏ ကြိုးပမ်းမှုဖြင့် တရုတ်နိုင်ငံ ချည်မျှင်နှင့်အထည်ကုန်ကြမ်းပစ္စည်းများကို ကမ္ဘောဒီးယားနိုင်ငံရှိ စက်ရုံများသို့ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်မှုများသည် ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်နှင့်ဖိနပ်ချုပ်စက်ရုံများ၏ အခက်အခဲကို ကူညီကျော်လွှားပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ချည်မျှင်နှင့်အထည်လုပ်ငန်းရှင်များအဖွဲ့က အထည်ချုပ်လုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး၏ ပင်မထောက်တိုင်တစ်ခုဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်း များစွာ ပံ့ပိုးနိုင်သည့်လုပ်ငန်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်း ၆၀ ရာခိုင်နှုန်းနှင့်အထက်မှာ တရုတ်နိုင်ငံက တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ (Xinhua)