ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပေါ်ရှိ ရသေ့တောင်ချောင်းကို ဖြတ်ကျော်တည်ဆောက် ထားသည့် ရသေ့တောင် တံတား တည်ဆောက်မှုမှာ ၉၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ယခုမတ်လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကိုနိုင်ငံသားလုပ်ငန်းရှင်များပိုမိုသက်သာစွာဆောင်ရွက်နိုင်စေရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့်မှတ်ပုံတင်ခြင်းမပြုသေးဘဲဆောင်ရွက်နေသည့်စီးပွားရေးလုပ်ငန်းများကုမ္ပဏီအဖြစ်ပြောင်းလဲထူထောင်၍လုပ်ငန်းများချဲ့ထွင်နိုင်စေရေးကိုဦးတည်ကာလက်ရှိသတ်မှတ်ထားသည့်အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီများအတွက်မှတ်ပုံတင်ကြေးအား၂၀၁၈ခုနှစ်ဧပြီလ၁ရက်နေ့မှစတင်ကာလက်ရှိကျပ်ငါးသိန်းသတ်မှတ်ထားရာမှကျပ်နှစ်သိန်းခွဲသို့လျှော့ချပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအသိပေးကြေညာချက်ထုတ်ပြန်သည်။
ခတ္တမန္ဒူ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) နီပေါ နိုင်ငံ ၊ ခတ္တမန္ဒူ လေဆိပ် အနီး၌ မီးလောင်ကျွမ်း ပျက်ကျသွားသော ဘင်္ဂလားဒေ့ရှ် ခရီးသည်တင် လေယာဉ် ပေါ် လိုက်ပါလာသူများ အနက် ၄၉ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ...
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာတောင်ပိုင်းနှင့် မော်လ်ဒိုက်-ကိုမိုရင်ဒေသတို့တွင် ဖြစ် ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တိုင်းရင်းသား လူမျိုးစု များ၏ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုးရေး ပွဲတော် နှင့် ဈေးရောင်း ပွဲတော်ကို မတ် ၂၁ ရက်မှ ၂၅ ရက် အထိ တောင်ကြီးမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ...