Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ရွာငံမြို့နယ်၌ သိန်းခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရွာငံမြို့နယ်၌ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ရွာငံမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မတ် ၈ ရက်တွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ငွေကျပ် ၆၀,၁၈၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း  မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွာငံ-ကျောက်ဆည် သွားကားလမ်းတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ် တွင် အံဝှက်ပြုလုပ်သိုဝှက်သယ်ဆောင်လာသော ICE အလေးချိန် ၂၁၇ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ကျပ် ၄၃,၄၀၀ သိန်း)၊ မှိုင်းခံစက္ကူများဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၈,၀၀၀ ပြား(ဒေသကာလပေါက် စျေးတန်ဖိုးငွေကျပ် ၁၆,၇၈၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ရွာငံမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ထို့အတူ ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဖယ်ခုံ သွားကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပင်လောင်းမြို့ဘက်မှ ဖယ်ခုံမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား မတ် ၈ ရက်တွင် ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာတွင် မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသော ပီနံအိတ်များအတွင်းမှ ပလတ်စတစ်အိတ်များဖြင့်ထည့်ထားသည့် ဘိန်းစိမ်းအလေးချိန် ၅၀၁ ကီလို(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၃,၂၅၆.၅ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.