Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်ပြည်သူများ ယွမ်ငွေ ၂၉ ဘီလီယံကျော် ထည့်ဝင်လှူဒါန်း

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှိ လူမှုရေးပရဟိတအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့များသည် မတ် ၈ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေ တရုတ်ယွမ် ၂၉.၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၂၃ ဘီလီယံ) နှင့် ထောက်ပံ့ပစ္စည်းမျိုးစုံ ၅၂၂ သန်းကို လက်ခံရရှိခဲ့ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက ယနေ့မတ် ၉ ရက်တွင် ပြောကြားလိုက်သည်။

လှူဒါန်းမှုများအနက် ယွမ် ၂၃.၉၈ ဘီလီယံ နှင့် ထောက်ပံ့ပစ္စည်း ၄၄၆ သန်းကို လက်ခံရယူသူများထံသို့ပေးပို့ခဲ့ပြီးဖြစ်ကြောင်း နှင့် လှူဒါန်းမှုများအတွက် ကြိုးပမ်းအားထုတ်ပေးခဲ့သော လူမှုရေးအသင်းအဖွဲ့များကို အထူးကျေးဇူးတင်ရှိကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Zhan Chengfu က ပေကျင်းမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ ဒီကပ်ရောဂါဖြစ်တဲ့အချိန်မှပဲ လူမှုရေးပရဟိတအလုပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေရခဲ့တယ် ၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးဒဏ်ကြုံလာရတဲ့အချိန်တွေမှာ တုံ့ပြန်ဖြေရှင်းဖို့ လူမှုရေးပရဟိတ အလုပ်နဲ့ပတ်သက်ပြီး အစိုးရရဲ့ စွမ်းဆောင်ရည်ကို အများကြီးတိုးတက်စေတာပေါ့” ဟု Zhan က ဆိုသည်။(Xinhua)