ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ယနေ့နံနက် ၉ နာရီတွင် အင်းစိန်မြို့နယ် အ.ထ.က(၁)ကျောင်း၌ ကျင်းပသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနနှင့် အခြေခံပညာဦးစီးဋ္ဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ချီကာဂို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တိုယိုတာ မော်တာ ကော်ပိုရေးရှင်းသည် Prius ကားနှင့် C-HR ကား စီးရေ ၁ သန်းကျော်အား မီးလောင်မှုအန္တရာယ်ဖြစ်နိုင်သည့် ချို့ယွင်းချက်ကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းနေကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင်...
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ၊မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။