Connect with us

ASEAN

တောင်ကိုရီးယား နိုင်ငံ သမ္မတ က COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်း

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မတ် ၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း က အဆက်မပြတ် ပျံ့နှံ့နေသည့် COVID-19 ကပ်ရောဂါ အား ရင်ဆိုင်ရာ တွင် တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား ၊ တရုတ် ၊ ဂျပန် နှင့် အရှေ့တောင် အာရှ နိုင်ငံများ နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပြီး အခက်အခဲများ အား အတူတကွ တိုက်ဖျက်သွားရန် မတ်လ ၁ ရက် ၌ တိုက်တွန်းပြောကြား ခဲ့သည်။

မွန်ဂျေအင်း က တောင်ကိုရီးယား နိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် အပြန်အလှန် ယုံကြည်အားပေး ပြီး စည်းလုံးညီညွတ်မှု အင်အားဖြင့်  အခက်အခဲ ကို ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ COVID-19 ကပ်ရောဂါ အား အောင်မြင်စွာ တိုက်ဖျက်ပြီး တောင်ကိုရီးယား နိုင်ငံ စီးပွားရေး ပြန်လည် ကောင်းမွန်လာအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တောင်ကိုရီးယား နိုင်ငံ သမ္မတ က လက်ရှိအချိန်တွင် နိုင်ငံတကာ ၌ ပုံမှန်မဟုတ်သည့် ခြိမ်းခြောက်မှုများ နှင့် ရင်ဆိုင်နေရပြီး နိုင်ငံတစ်နိုင်ငံတည်း အင်အားဖြင့် ဖြေရှင်းရန် အလွန်ခက်ခဲကြောင်း ၊ ယခု အကြိမ် COVID-19 ကပ်ရောဂါ ပျံ့နှံ့ချိန် တွင် နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု က လွန်စွာ လိုအပ်သည်မှာ ပေါ်လွင်စေကြောင်း ပြောကြား ခဲ့သည်။  (Xinhua)