Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နှင့်စစ်ဘက်ဆိုင်ရာ စာချုပ်သစ် ချုပ်ဆိုတော့မည်မဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအားတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ဖိလစ်ပိုင် နှင့် အမေရိကန်အကြား ချုပ်ဆိုထားသည့် ဧည့်တပ်ဖွဲ့ဝင်များ ထားရှိရေးသဘောတူညီချက်(VFA) ကို အစားထိုးရန် နှင့် စစ်ဘက်ဆိုင်ရာ စာချုပ်သစ် ချုပ်ဆိုရန် မည်သည့်ဆွေးနွေးမှုအသစ်ကိုမျှ ခွင့်ပြုလုပ်ဆောင်တော့မည်မဟုတ်ကြောင်းပြောကြားခဲ့သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ Salvador Panelo က မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

Panelo က ဒူတာတေးအနေဖြင့် အမေရိကန်နှင့် စစ်ဘက်သဘောတူညီမှုအသစ်တစ်ခု ပြုလုပ်ရန် ဆန္ဒမရှိကြောင်း နှင့် VFA သဘောတူညီချက်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။အမေရိကန်နှင့်ဖိလစ်ပိုင်နိုင်ငံ တို့သည် VFA သဘောတူညီချက်နှင့်အလားတူ သဘောတူညီမှုတစ်ခုကို အစားထိုးရန် နည်းလမ်းများရှာဖွေနေကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး Jose Manuel Romualdez ၏ ပြောကြားချက်ကို ကိုးကား၍ Panelo က ဆိုသည်။

အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်အစိုးရ အရာရှိများအနေဖြင့် ဖြစ်နိုင်သမျှ သဘောတူညီမှုသစ်တစ်ခုအတွက် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ၊ သို့သော် သမ္မတဒူတာတေးက အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုအသစ်တစ်ခု ထပ်မံ မပြုလုပ်တော့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း Panelo က ပြောကြားခဲ့သည်။ယခုရက်သတ္တပတ်အတွင်း ပြောကြားခဲ့သော ဒူတာတေး၏ မိန့်ခွန်းတစ်ခုတွင် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များအနေဖြင့် အမေရိကန်စစ်တပ်အကူအညီမပါဘဲ အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်စွမ်းရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနှင့် ချုပ်ဆိုထားသော VFA သဘောတူစာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်းရန် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်အစိုးရထံ တရားဝင် အသိပေးချက် ပေးပို့ခဲ့သည်။ အဆိုပါ စာချုပ်ဖျက်သိမ်းရေးသည် အသိပေးချက် ပေးပို့ပြီးနောက် ရက်ပေါင်း ၁၈၀ အတွင်း အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် ၁၉၉၈ ခုနှစ်တွင် VFA စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်အရ ဖိလစ်ပိုင်-အမေရိကန် တပ်ဖွဲ့ဝင်များ ပူးတွဲစစ်ဆင်ရေးလေ့ကျင့်မှုများကို အတူတကွ လုပ်ဆောင်ရန် ခွင့်ပြုခဲ့သည်။ အဆိုပါနှစ်ကာလအပိုင်းအခြားတစ်လျှောက်တွင် နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ၃၀၀ ကျော်လုပ်ဆောင်ခဲ့ပြီး ယင်းတို့ထဲတွင် စစ်ရေးလေ့ကျင့်မှုများ ၊ ကျွမ်းကျင်ပညာရှင်ဖလှယ်မှုများ ၊ လုပ်ငန်းလည်ပတ်မှုပုံစံလေ့ကျင့်ခန်းများနှင့် အပြန်အလှန်ဖလှယ်မှုများ ၊ အစီအစဉ်ရေးဆွဲခြင်း နှင့် စားပွဲဝိုင်းထိပ်သီး ညှိနှိုင်းဆွေးနွေးခြင်းလေ့ကျင့်ခန်းများ ပါဝင်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117