ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မိုင်းဆတ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၉ ဧကခန့် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်-၂၀၁၉(Singapore International Film Festival 2019)တွင် မြန်မာ နိုင်ငံမှ လူငယ်ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းသည် လူနာ (The Sick)ဇာတ်လမ်းတိုဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း နေအိမ် ငါးသောင်း ခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။
မကာအို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟောင်ကောင်နှင့် မကာအိုရေးရာများ၌ ပြည်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်မည်ကို တရုတ်နိုင်ငံက ခွင့်ပြုသွားမည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။