ဇာဂရက်ဘ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်ဘ်တွင် မတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၀၆:၂၄ နာရီက အင်အား ၅.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဥရောပ မြေထဲပင်လယ်ဒေသဆိုင်ရာ ငလျင်စင်တာအရ သိရသည်။
ဘာလင်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲသည် COVID-19 ရောဂါပိုးကူးစက်ခံထားရသော ဆရာဝန်တစ်ဦးနှင့် မတ် ၂၀ ရက်က တွေ့ဆုံခဲ့ပြီးနောက် ၎င်းကိုယ်တိုင် တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတက်ဖန် စိုင်းဘတ် (Steffen Seibert) က မတ် ၂၂ ရက်တွင်...
ပေကျင်း၊ မတ် ၂၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏COVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံအစိုးရက ကပ်ရောဂါတိုက်ဖျက်ရေး ပညာရှင်အဖွဲ့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) နှင့် မယ်ဆိုင် တာချီလိတ် အမှတ်(၂) မယ်ဆိုင်ချောင်းကူးတံတားတို့မှ COVID-19 ရောဂါကင်းရှင်းသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးစီသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၃ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း...