ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ ကာလာပရင်တာနည်းဖြင့် တုပပြုလုပ်ထားသည့် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုကျို ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံသည် ၂ဝ၁၉ ခုနှစ် ဇူလိုင်တွင် စီးပွားဖြစ်ဝေလငါးဖမ်းဆီးခြင်းများကို ပြန်လည်စတင်ရန် နိုင်ငံတကာဝေလငါးဖမ်းကော်မရှင်(IWC) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)
ဂျာကာတာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ သည် ၃၇၃ဦးအထိ မြင့်တက်လာပြီး အခြားလူ ၁,၄၅၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။ မီးတောင်ပေါက်ကွဲရာမှ ရေအောက် မြေပြိုမှုကြောင့်ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေး နှင့်...
မက္ကဆီကို၊ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Puebla ပြည်နယ်အုပ်ချုပ်ရေးမှူး မာသာအီရီကာအလွန်ဆို(Martha Erika Alonso) နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ယခင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရာဖေးလ်မိုရီနိုဗယ်လီ(Rafael Moreno Valle) တို့သည် ဒီဇင်ဘာ ၂၄ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြကြောင်းသိရသည်။ မက္ကဆီကိုနိုင်ငံသမ္မတ လိုပက်ဇ်အော့ရာဒေါ(Andres Manuel Lopez Obrador)...