Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံထုတ် ရထားများ ပထမဆုံးအဖြစ် တင်သွင်း

တရုတ်နိုင်ငံ CRRC Zhuzhou Locomotive ကုမ္ပဏီ လီမိတက်နှင့် ဖိလစ်ပိုင်နိုင်ငံ ရထားလုပ်ငန်း (PNR) တို့က ရထားဝယ်ယူခြင်းဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် ရထားများ တင်သွင်းရန် သဘောတူစာချုပ်ကို ဒီဇင်ဘာ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ CRRC Zhuzhou Locomotive ကုမ္ပဏီ လီမိတက်နှင့် ဖိလစ်ပိုင်နိုင်ငံ ရထားလုပ်ငန်း (PNR) တို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ PNR က တရုတ် ရထားထုတ်လုပ်သူထံမှ ရထားသုံးစင်း တင်သွင်းသွားမည် ဖြစ်သည်။

ဒီဇယ်-လျှပ်စစ် ရထားများသည် မြန်နှုန်း တစ်နာရီလျှင် ၁၂၀ ကီလိုမီတာထိ မောင်းနှင်နိုင်သော ဒီဇိုင်းထုတ်လုပ်ထားပြီး Business-class အတွဲ၊ ပထမတန်းစားအတွဲနှင့် ဒုတိယတန်းအတွဲဟူ၍ အဆင့်သုံးမျိုးရှိကြောင်း သိရသည်။

ရထားများ ဝယ်ယူခြင်းက အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ဆောင်ရာမှာ တိုးတက်မှုရှိရန် ဖိလစ်ပိုင်နိုင်ငံသားများ၏ မျှော်လင့်ချက်ကို ဖော်ဆောင်ပေးမည့် PNR ၏ မဟာဗျူဟာတစ်ရပ် ဖြစ်ကြောင်း၊ CRRC Zhuzhou အနေဖြင့် အကောင်းဆုံးစီမံကိန်းအဖွဲ့ ဖွဲ့ကာ ရထားထုတ်လုပ်ရာတွင် နိုင်ငံတကာစံနှုန်းများကို တင်းကြပ်စွာ လိုက်နာကြောင်း CRRC Zhuzhou ၏ အထွေထွေမန်နေဂျာ Fu Chengjun က ပြောခဲ့သည်။

“ဘေးကင်း စိတ်ချရတဲ့၊ အရည်အသွေးကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ရထားတွေကို ဖိလစ်ပိုင်နိုင်ငံဆီ ကျွန်တော်တို့ ပေးပို့သွားမှာပါ” ဟု Fu က ဆိုသည်။

အဆိုပါ ရထားသစ်များကို ဖိလစ်ပိုင်နိုင်ငံ မနီလာမှ နိုင်ငံတောင်ပိုင်း လူဇုံကျွန်းရှိ Bicol ဒေသသွား ရထားလမ်း၌ အသုံးပြုသွားမည်ဖြစ်ကာ ၎င်းဒေသနှစ်ခုအကြား ခရီးအကွာအဝေးကို သိသိသာသာ လျှော့ချပေးနိုင်မည်ဟု PNR ၏ အထွေထွေမန်ဂျာ ဂျွန်မက်ဂ်နို (Junn Magno) က ပြောသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.