Connect with us

Politics, Law & Military

မြန်မာနိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း တရားမဝင်သစ် တန် ၄၆၀ ကျော် ဖမ်းမိ

ဖမ်းဆီးရမိသော တရားမဝင်သစ်များအား တွေ့ရစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း တရားမဝင်သစ် တန် ၄၆၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ တရားမဝင် ကျွန်း ၇၅ ဒသမ ၈၀၁၂ တန်၊ သစ်မာ ၁၈၉ ဒသမ ၅၁၆၆ တန်၊ အခြား  ၁၉၇ ဒသမ ၈၉၉၉ တန် စုစုပေါင်း ၄၆၃ ဒသမ ၂၁၇၇ တန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တရားမဝင်သစ်များနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူ ၅၉ ဦး၊  ယာဉ်/ယန္တရား ၄၄ စီးတို့အား  ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။  

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည်  တရားမဝင်သစ်နှင့်  သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.